Tag Archives: statement

15Sep/18

ရက္ခိုင်အမျိုးသားအဖွဲ့ ချူပ်၏ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေငြာချက်
အမှတ်၊(၂/၂၀၁၈)
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း(၆)ရက်

ဗမာအစိုးရ နှင့် ဗမာစစ်တပ်အဆက်ဆက်တို့သည် မိမိတို့ရခိုင်လူမျိုးများအပေါ် လူမျိုးရေးဖိနှိပ်မှုများ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ၊ နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ အာဏာပြ ခြိမ်းခြောက်ပြောဆိုဆက်ဆံမှုများ၊ အပြစ်မဲ့ အရပ်သားရခိုင်ပြည်သူလူထုများအား လက်နက်ဖြင့် ဥပဒေမဲ့ပစ်ခတ်တိုက်ခိုက်မှုများ၊ လွှတ်တော်အတွင်းဒီမိုကရေစီအကြမ်းဖက်မှု၊အနိုင်ကျင့်မှုများ အပါအဝင် ဝမ်းရေးအတွက် အလုပ်အကိုင် နှင့် ဝင်ငွေရှာဖွေရန် ဗမာပြည်နေရာအနှံ့သွားလာနေကြသော မိမိတို့ရခိုင်လူမျိုးများကို လူမျိုးရေး အမုန်းတရားများဖြင့် ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။ Continue reading

Share