Tag Archives: press release

08Nov/17

အသိပေးနှိုးဆော်ခြင်း

ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်

အသိပေးနှိုးဆော်ခြင်း

ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသသို့ မြန်မာစစ်တပ်မှ မိမိတို့ ရက္ခိုင့်တပ်မတော်လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့် နီးစပ်ရာ ဒေသခံ ရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရမည့် အခြေအနေများရှိလာလျှင်လည်း သတိကြီးစွာထားပြီး ဆင်ခြင်သွားလာကြရန် လေးစားစွာ အသိပေးအပ်ပါသည်။ Continue reading

Share