Tag Archives: Calling on peoples of Arakan

12Nov/17

“ပလက်ဝဒေသရှိ ဌါနေလူထုအား အထူးမေတ္တာရပ်ခံ တောင်းဆိုခြင်း”

“ပလက်ဝဒေသရှိ ဌါနေလူထုအား အထူးမေတ္တာရပ်ခံ တောင်းဆိုခြင်း”

 

တပ်မတော် အမည်ခံ ဗမာစစ်တပ်သည် တပ်ရင်းတပ်မ အများအပြားကို ပလက်ဝဒေသသို့  စေလွှတ်တပ်ဖြန့် ကာ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်မီးတောက်ကြီး ဆက်လက်လောင်ကျွမ်းနေအောင် မီးမွှေးပေးနေသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ က ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၅ နိုင်ငံ၏သဘောတူညီချက်ဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌဆိုင်ရာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဗမာတပ်နှင့်အစိုးရကို ရခိုင်ပြည်တွင် စစ်အင်အားအဆမတန်သုံးစွဲပြီး ကျူးကျော်နယ်ချဲ့ သောင်းကျန်းနေခြင်းကို ချက်ချင်းရပ်တန့် သွားရန် တောင်းဆိုခဲ့ကြသည်။ ဤတောင်းဆိုချက်ကို ဗမာအစိုးရအနေဖြင့် လိုက်နာကျင့်သုံး မသုံး ရက်ပေါင်း ၃၀ စောင့်ကြည့်သွားမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။ Continue reading

Share