Tag Archives: Bamar threatens to world peace

04Dec/17

ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (တပ်မတော်) နှင့် ရက္ခိုင့်တပ်မတော်တို့ ကြား ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အနီးကပ်စောင့်ကြည့်နေ

ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (တပ်မတော်) နှင့် ရက္ခိုင့်တပ်မတော်တို့ ကြား ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အနီးကပ်စောင့်ကြည့်နေ



အမြစ်ပြတ်ချေမှုန်းရေးမူဝါဒအတိုင်း ခြေမြန်တပ်ရင်းပေါင်း ၃၀ ကျော်၊ အမြှောက်တပ်ရင်းများနှင့် တိုက်လေယာဉ်များအပါအ၀င် သာလွန်စစ်အင်အားကို အသုံးပြု၍ ဗမာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (တပ်မတော်) က ရက္ခိုင့်တပ်မတော်ထိန်းချူပ်နယ်မြေတွင်းသို့  ကျူးကျော်ဝင်ရောက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ယနေ့  ဒီဇင်ဘာ ၅ ရက်နေ့ ဆိုလျှင် တစ်လကျော်သွားခဲ့ပြီ ဖြစ်ပါသည်။ ရက္ခိုင့်တပ်မတော်က ခံစစ်ဗျူဟာကို ကျင့်သုံး၍ သူတို့ ၏ဒေသ ရခိုင်ပြည်နှင့်ရခိုင်လူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ခုခံကာကွယ်ပြီး ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (တပ်မတော်)၏ အနိုင်ကျင့်စော်ကားရန်လိုမှုများကို တန်ပြန်တိုက်ခိုက်နေပါသည်။ ရက္ခိုင့်တပ်မတော်၏တရားသောစစ်ကြောင့် ကျူးကျော်သူဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  တွင် အကျအရှုံးများပြားလွန်းနေကြောင်း အမည်မဖော်လိုသည့် ဗမာတိုင်းရင်းသားစစ်အရာရှိတစ်ဦးက ပလက်ဝမြို့  စစ်ဗျူဟာရုံးမှနေပြီး ရက္ခရာစု၏တယ်လီဖုန်းဖြင့်မေးမြန်းမှုအား ဖြေကြားသွားခဲ့ပါသည်။ Continue reading 
Share