လူတွေမသိတဲ့မြစ်ဆုံစီမံကိန်းရဲ့ လျှို့ ဝှက်ချက်

မြစ်ဆုံရေကာတာစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ပြည်သူ့ တောင်းဆိုသံတွေ ညံလာတဲ့အချိန်မှာ လူအများမသိတဲ့ မြစ်ဆုံစီမံကိန်းရဲ့ လျှို့ ဝှက်ချက်ကို ဖောက်သည်ချ ပြောပြချင်ပါတယ်။ မြစ်ဆုံစီမံကိန်းဟာ ကျိန်စာ ဒါမှမဟုတ် တရုတ်ထောင်ချောက်လို့ အဓိပ္ဗါယ်ဖွင့်ရင် လက်ရှိအခြေအနေအရရော အနာဂတ်မှာကြုံတွေ့ လာနိုင်တဲ့ ဒုက္ခကပ်ဆိုးကြီးကိုပါ လှမ်းကြည့်မြင်ပြီးသား ဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဒုက္ခများစွာကို ခံတွင်းမြိန်ပြီးသားဖြစ်နေတဲ့ ဗမာအာဏာပိုင်တွေကတော့ တရုတ်လက်ခုပ်ထဲက ရေဘ၀ကို ခုံမင်တက်မက်စွာ တန်ဖိုးထားနေဆဲပါပဲ။

မြစ်ဆုံစီမံကိန်းရဲ့ အစကို ခြေရာခံကြည့်ရင် ဗမာစစ်ဗိုလ်ချူပ်တွေဟာ ဗမာမဟုတ်တဲ့လူမျိုးများပိုင်ဒေသက ရှိရှိသမျှကို လက်ညှိုးထိုးရောင်းစားလိုက်ခြင်းများအား သွားတွေ့ ရမှာပါ။ “ငါတို့ ဗမာတွေက သိမ်းပိုက်ပြီးကိုလိုနီလုပ်ထားနိုင်တဲ့ ဒီပြည်နယ်တွေက သဘာဝသံယံဇာတများကိုရောင်းချပြီး ဗမာအမျိုးသားအကျိုးစီးပွါးအတွက် အသုံးချသွားရမယ်” ဆိုတဲ့ ပေါ်လဆီကို ဆုပ်ကိုင်ထားမိတာကြောင့် တရုတ်ထောင်ချောက်ထဲကို သိသိကြီးနဲ့ တမင်တကာ တိုးဝင်ခဲ့ခြင်းပါ ဆိုရင် အမှန်တရားနဲ့ ထပ်တူကျနေပါလိမ့်မယ်။

တိုရှင်းလိုရင်းပြောရရင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လူအများမသိတဲ့ နံပါတ် (၁) အချက်က မြစ်ဆုံစီမံကိန်းကို ရှေ့ ဆက်ပြီးလုပ်ဆောင်သွားလို့ ပဲဖြစ်ဖြစ် အပြီးတိုင်ပဲဖျက်သိမ်းသိမ်း တရုတ်က အသာစီးက အနိုင်ရပြီးသားဖြစ်နေပါတယ်။ တကယ်လို့  မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းလိုက်ရင် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၈၀၀ အပြင် အတိုးနှုန်းပါ လျော်ကြေးပေးသွားရမှာ ဖြစ်ပါတယ်။ လက်ရှိဆောက်လက်စ ကုန်ကျငွေက အမေရိကန်ဒေါ်လာ သန်း ၂၀ ၀န်းကျင်ပဲရှိနေတာမို့  တရုတ်ဟာ သန်းပေါင်း ၇၈၀ ကျော် အသားတင် အမြတ်ရရှိသွားမှာ ဖြစ်ပါတယ်။ တကယ်လို့  ဒီမြစ်ဆုံစီမံကိန်းကို စာချူပ်ပါကတိက၀တ်အတိုင်း ရှေ့ ဆက်သွားမယ်ဆိုရင်လည်း တရုတ်က သူတို့ နိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တွေကို ရေရှည်ရရှိ အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။

လူအများမသိတဲ့ ဒုတိယအချက်က ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့  မဆုံးဖြတ်ခင် ၆ လခန့် အလိုက တရုတ်အစိုးရကို စီးပွါးရေးဆိုင်ရာ အကြံပေးနေတဲ့ တရုတ်ပညာရှင်အဖွဲ့ တဖွဲ့ က ကမ္ဘာတ၀ှန်းမှာ တရုတ်တွေဆောက်လုပ်နေကြတဲ့ ရေကာတာစီမံကိန်းများနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးများကို လေ့လာဆန်းစစ်သုံးသပ်ထားတဲ့ အစီရင်ခံစာတစ်စောင်ထွက်လာခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ရေကာတာများဆောက်လုပ်ခြင်းဟာ စီးပွါးရေးရှုဒေါင့်ကကြည့်ရင် တွက်ခြေမကိုက်တဲ့ အနည်းဆုံး နှစ်ပေါင်း ၂၀ လောက်ကြာမှ အမြတ်ငွေပေါ်တတ်တဲ့ လုပ်ငန်းမျိုး ဖြစ်နေတယ်လို့ ထောက်ပြထားပြီး အစုရှယ်ယာရှင်တွေ ရင်းနှီးမြုပ်နှံမှုမလုပ်လိုတဲ့ စီးပွါးရေးလုပ်ငန်းဖြစ်လာပါတယ်လို့  အကြံပြုတင်ပြထားပါတယ်။ ဒါကိုကြည့်ရင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးလှုပ်ရှားမှုမှာ မဟာဗျူဟာအရ တရုတ်တွေကိုယ်တိုင် သွယ်ဝိုက်ပြီးပါနေတယ်လို့  သုံးသပ်နိုင်ပါတယ်။ မြစ်ဆုံစီမံကိန်းအစား ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မောင်ပိုင်စီးလာနိုင်ခြင်းက အကွက်စေ့လွန်းတဲ့ တရုတ်ကစားကွက်ကို လှမ်းမြင်နိုင်မယ် ထင်ပါတယ်။

ဒီမြစ်ဆုံကိစ္စကို မှန်မှန်ကန်ကန်ဝေဖန်ရရင် အာဏာရဗမာဗိုလ်ချူပ်တွေရဲ့ မိုက်မဲ ကျဉ်းမြောင်းလွန်းတဲ့နိုင်ငံရေးအသိတရားခေါင်းပါးမှုများကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ တရုတ်ကို အပြစ်တင်နေတာထက် ဗမာလူ့ အဖွဲ့ အစည်းမှာ အမြစ်တွယ်နေတဲ့ ဗမာဖက်ဆစ်ကိုလိုနီစစ်စနစ်ကို အပြီးတိုင်နိဂုံးချူပ်ပေးသွားကြဖို့  ဗမာအများစုဟာ နိုင်ငံရေးနားမျက်စိဖွင့်ကြည့်သင့်ချိန်ရောက်ပါပြီ။

မြစ်ဆုံကိစ္စဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ဖြစ်လာနေတဲ့ ဗမာနဲ့ ဗမာမဟုတ်တဲ့လူမျိုးများကြားက နိုင်ငံရေးပဋိပက္ခကြီးရဲ့ အသေးအဖွဲ့ ကိစ္စရပ်လေးတခုမျှသာ ဖြစ်နေတာမို့  အဓိကပြဿနာကို လူထုဒီမိုကရေစီလမ်းစဉ်အတိုင်း လူထုပါဝါ လူထုနည်းနဲ့ အောက်ခြေက အဖြေရှာသွားဖို့ လိုအပ်နေပါတယ်။

ဗမာမဟုတ်တဲ့ လူမျိုးများရဲ့ အချူပ်အခြာအာဏာများကို ရိုက်ချိုးဖျက်လိုက်ခြင်းကြောင့် ဗမာအချူပ်အခြာအာဏာလည်း အခြိမ်းခြောက်ခံဘ၀သို့ ဆိုက်ရောက်သွားရတဲ့ လောကနိယာမသဘောအတိုင်း ဗမာပြုတဲ့ကံ ဗမာထံပြန်လာနေချိန် အာဏာကိုခွဲဝေမပေးချင်လို့  ဗမာအာဏာပိုင်အဆက်ဆက်မွှေလာခဲ့တဲ့ နိုင်ငံရေးမီးဟာ တစ်နိုင်ငံလုံးကို လောင်မြိုက်ပြာကျသွားစေမှာကတော့ ရှောင်လွဲလို့ မရနိုင်တဲ့ အလုံးစုံနိုင်ငံရေးပျက်သုဉ်းမှုပါပဲ။ ဘက်ပေါင်းစုံက ယိုးယွင်းခြစားဆွေးမြေ့ နေတဲ့ နိုင်ငံရေးအဆောက်အအုံဟောင်းကြီးကို ဖြိုချလိုက်ပြီးမှသာ နိုင်ငံရေးသစ် ပြန်စလို့ ရလာမှာ သေချာနေပါတယ်။ နိဂုံးချူပ်ပြောရရင် ဗမာဖက်ဆစ်ကိုလိုနီစနစ်နိဂုံးဟာ ဗဟုလူ့ ဘောင်အစ ငြိမ်းချမ်းရေးအစစ်ကို အုတ်မြစ်ချခွင့်ရလာမယ့် နိုင်ငံရေးလမ်းသစ်ပဲ ဖြစ်ပါတယ်။။။

ညီညီထွေး (နယ်သာလန်)

ဧပြီလ ၂ ရက် ၂၀၁၉  ခုနှစ်

Leave a Reply

Your email address will not be published. Required fields are marked *