အသိပေးနှိုးဆော်ခြင်း

ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်

အသိပေးနှိုးဆော်ခြင်း

ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသသို့ မြန်မာစစ်တပ်မှ မိမိတို့ ရက္ခိုင့်တပ်မတော်လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့် နီးစပ်ရာ ဒေသခံ ရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရမည့် အခြေအနေများရှိလာလျှင်လည်း သတိကြီးစွာထားပြီး ဆင်ခြင်သွားလာကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

မြန်မာစစ်တပ်မှ ဒေသခံရွာသူရွာသားများ၏ ကျွဲနွားတိရိစ္ဆာန်များနှင့် စားနပ်ရိက္ခာများကို ခြိမ်းခြောက်ယူငင်စားသောက်ခြင်းများ၊ အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊ အပြစ်မဲ့ရွာသူရွာသားများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ လူသားဒိုင်းကာ (Minesweeper) အဖြစ် အသုံးပြုခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း စသည်တို့ကိုပြုလုပ်လာလျှင်လည်း လူ့အခွင့်အရေးအရငြင်းဆန်နိုင်ပြီး လူထုအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူများသိရှိစေရန် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ကြဖို့ မိမိတို့ ရက္ခိုင့်တပ်မတော် အနေဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စစ်ရုံးချုပ်
ရက္ခိုင့်တပ်မတော်

 

Share

Leave a Reply

Your email address will not be published. Required fields are marked *