ဘာကြောင့် ကျူးကျော်စစ်တိုင်း ရှုံးနိမ့်ရတာလဲ
ဘာကြောင့် ကျူးကျော်စစ်တိုင်း ရှုံးနိမ့်ရတာလဲ (Why all invasion wars are defeated?)
နိုင်ငံရေးပြဿနာဆိုတာ အနှစ်သာရအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင်မို့  နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ ကြိုးစားရင် နိုင်ငံတော်တည်ဆောက်ရေးအမြင်နဲ့ ချဉ်းကပ်ခြင်းဟာ မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်ခြင်းပါပဲ။ ရေရှည်တည်တံ့တဲ့ခေတ်မီနိုင်ငံတော်ကိုတည်ဆောက်မယ် ဆိုရင် လောကပါလတရားများဖြစ်တဲ့ တရားမျှတ၊တန်းတူညီမျှခြင်းနဲ့ ငြိမ်းချမ်းရေးကို အခြေခံထားရပါလိမ့်မယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခဆိုတာနိုင်ငံရေးအရှိတရားနဲ့ ထပ်တူ ကျတဲ့ မော်ဒန်နိုင်ငံတော်နဲ့ ဗဟုလူ့ ဘောင် တည်ဆောက်ရေးလမ်းကြောင်းဆီသို့ မသွားပဲ ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်နဲ့  ဗမာတောရိုင်းဝါဒကို ကျင့်သုံးနေလို့  ဖြစ်လာရတဲ့ တန်ပြန်ဆိုးကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ကျူးကျော်စစ်ဆင်နွဲပြီး အမြစ်ပြုတ် အပြတ်တိုက်ပစ်မယ် ဆိုတဲ့ သိမ်မွေ့ နက်နဲတဲ့ နိုင်ငံရေးပြဿနာကို လက်နက်အားကိုးနဲ့ ဖြေရှင်းလိုခြင်းဟာ မိမိကိုယ်ကို ရှုံးနိမ့်ကျဆုံး အလုံးစုံပျက်သုဉ်းစေတဲ့ ပေါ်လဆီပဲ ဖြစ်နေကြောင်းကို ကမ္ဘာ့သမိုင်းစာမျက်နှာတွေက သက်သေခံပြနေပါတယ်။
ကမ္ဘာ့သမိုင်းမှာ ပြင်သစ်စစ်ဧကရာဇ်ဘုရင်နပိုလီယံဟာ ဥရောပတိုက်တတိုက်လုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ၁၈၁၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မှာ စစ်အင်အား ၆၅၀၀၀၀ နီးပါးနဲ့  ရုရှားနိုင်ငံကို ၀င်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ မော်စကိုမြို့ ကို ရက်အနည်းငယ်သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့
နပိုလီယံ ကျူးလွန်ခဲ့တဲ့ သမိုင်းထဲကအမှားကို ဒုတိယကမ္ဘာစစ်ကာလမှာ ဂျာမန်နာဇီခေါင်းဆောင်ဟစ်တလာက ထပ်မံပြီးတော့တစ်ခါ ကျူးလွန်လာပြန်ပါတယ်။ ရုရှားကိုသွားတိုက်မိတဲ့ ဂျာမန်တို့ ရဲ့ ကျူးကျော်စစ်ဟာ အားလုံးသိထားကြတဲ့အတိုင်း ရှုံးနိမ့်ခြင်းများစွာနဲ့ ဟစ်တလာရဲ့ အမိုက်ဇာတ်ကိုသိမ်းပေးလိုက်ခြင်းပါပဲ။
ဆောင်းရာသီစစ်ပွဲ (Winter War) လို့ လူသိများတဲ့ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ရုရှားဦးဆောင်တဲ့ ဆိုဗီယက်ပြည်ထောင်စုတပ်နီတော်က စစ်အင်အား ၇၆၀၀၀၀ နီးပါးနဲ့ ဖင်လန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၁၃ ရက် ၁၉၄၀ ခုနှစ်ထိ ၃ လ တစ်ပတ်နဲ့ ၆ ရက် ဖြစ်ပွါးခဲ့တဲ့ ဒီစစ်မှာ ရုရှားဖက် ၃၈၀၀၀၀ ကျော် သေကြေခဲ့ရတဲ့အချိန်မှာ ပြောက်ကျားစစ်ဆင်ရေးနဲ့ ခုခံစစ်ကိုဆင်နွဲခဲ့တဲ့ ဖင်လန်နိုင်ငံဖက်ကတော့ ၇၀၀၀၀ မျှသာ ကျဆုံးခဲ့ကြရပါတယ်။ သာလွန်အင်အားသုံးခဲ့ပေမဲ့ ရုရှားကျူးကျော်စစ်က ရှုံးနိမ့်ခဲ့ရပါတယ်။
၁၉၄၅ ခုနှစ် နောက်ပိုင်း ကမ္ဘာ့စစ်အင်အားအကြီးဆုံးစူပါ ပါဝါ အမေရိကန်တို့ ဆင်နွဲခဲ့တဲ့ စစ်ပွဲတိုင်းဟာ ကျူးကျော်စစ်ပွဲများဖြစ်နေလို့ ရှုံးနိမ့်ခဲ့ကြောင်းကို စစ်ရေးကျွမ်းကျင်သူများက ထောက်ပြနေကြပါတယ်။ ကိုးရီးယားကျွန်းဆွယ်၊ ဗီယက်နမ်၊ အာဖဂန်နဲ့ အီရတ်စစ်ပွဲများဟာ နိုင်ငံရေးပြဿနာများကို စစ်ရေးအရအဖြေရှာဖို့ ကြိုးစားခဲ့မိလို့  အမေရိကန်တို့  အရှုံးကြီးရှုံးခဲ့ကြရတဲ့ စစ်ပွဲတွေပဲ ဖြစ်ပါတယ်။
၁၇၈၄ ခုနှစ်မှာ ဗမာပဒေသရာဇ်တပ်က စစ်မကြေညာပဲ ရခိုင်နိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗမာတပ်ဟာ သန်းချီတဲ့ ရခိုင်ပြည်သူများကို ရက်ရက်စက်စက်လူမျိုးတုန်း သတ်ဖြတ်ခဲ့ကြသလို မြောက်ဦးနန်းတော်အပါအ၀င် ဗုဒ္ဓဘာသာကျမ်းပေါင်းများစွာကိုသိမ်းဆည်းထားတဲ့ ပိဋိကတ်တိုက်တွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ မဟာမုနိစက်တော်ကို ခိုးယူပင့်ချီ လာခဲ့ကြသလို ထောင်ပေါင်းများစွာသော ရဟန်းပညာရှိများကို စစ်သုံ့ ပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင် လာကာ ကျေးကျွန်ပြုသတ်ဖြတ်ခဲ့ကြပါတယ်။ ဗမာကျူးကျော်သူတို့ ရဲ့ လူမဆန်တဲ့ ရက်စက်မှုဒဏ်က လွတ်မြောက်ဖို့  နတ်မြစ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားနယ်ဖက်ကို ထွက်ပြေးကြတဲ့ ရခိုင်စစ်ပြေးဒုက္ခသည်များကိုပါ ဗမာတပ်က လိုက်လံသတ်ဖြတ်တာကြောင့် အင်္ဂလိပ်ကိုလိုနီအာဏာပိုင်များနဲ့ ပဋိပက္ခဖြစ်လာခဲ့ရပြီးတဲ့နောက် ဗမာပြည်လည်း အင်္ဂလိပ်နယ်ချဲ့ တို့ ရဲ့ ကျူးကျော်သိမ်းပိုက်ကိုလိုနီလုပ် အုပ်ချူပ်ခြင်းကို ခံလိုက်ရတာပါပဲ။
အခုတစ်ခါ ဗမာစစ်တပ်နဲ့ ဗမာအာဏာပိုင်တွေက ရက္ခိုင့်တပ်မတော်ကို အပြုတ်တိုက်အမြစ်ဖြတ်ချေမှုန်းသွားမယ် လို့  တရားဝင်စစ်ကြေညာကာ သာလွန်စစ်အင်အားနဲ့  ရခိုင်ပြည်ကိုကျူးကျော်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာနေပါတယ်။ ရခိုင်ပြည်ထဲက အဖိနှိပ်ခံလူမျိုးများဟာ ဗမာလူမျိုးရေးအစွန်းရောက်အစိုးရအဆက်ဆက်နဲ့ ဗမာဖက်ဆစ်စစ်ကိုလိုနီစနစ်ဆိုးအောက်မှာ စီးပွါးရေးအရဂုတ်သွေးစုပ်ခံနေရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံခံနေရ၊ နိုင်ငံရေးအရ ဘေးဖယ်ခံထားရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံနေရခြင်း နိုင်ငံရေးဒုက္ခမျိုးစုံကို ခံစားလာနေခဲ့ကြရပါတယ် (All oppressed peoples of Arakan are being economically exploited, socially subordinated, politically marginalized and racially discriminated by the successive Burmese racist regimes and its fascist colonial rule.)။ ဗမာနယ်ချဲ့ တို့ ရဲ့ တရားလွန်ဖိနှိပ်ခြင်းဒဏ်များကြောင့် ရခိုင်လူထုဟာ ကမ္ဘာ့အဆင်းရဲဆုံးလူမျိုး ဖြစ်လာရပါတယ်။ လူတွေဟာ သူတို့ ရဲ့ ဆင်းရဲမွဲတေမှုအခြေအနေများကို သတိပြုမိလာလေလေ အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်၊ တန်းတူအဆင့်အတန်း၊ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ စီးပွါးရေးဖွံ့ ဖြိုးတိုးတက်ခြင်းများကို တောင်းဆိုလာလေလေ (The more aware people became of their place in the global economy, the more they demanded self-determination, equal status, political freedom and material improvement) လို့  နိုင်ငံရေးသိပ္ဗံပညာရှင်များက ထောက်ပြနေကြသလို “လူမျိုးတိုင်းမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပိုင်ခွင့် တရားဝင်အခွင့်အရေးရှိတယ်။ ထိုအခွင့်အရေးကျင့်ဝတ်သီလအရ လူမျိုးများဟာ သူတို့ ရဲ့ နိုင်ငံရေးအဆင့်အတန်းကို ကိုယ်တိုင်ဆုံးဖြတ်နိုင်သလို သူတို့ ရဲ့  စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာတိုးတက်ဖွံ့ ဖြိုးခြင်းများကိုလည်း လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့်ရှိတယ်” (All peoples have the right of self-determination. By virtue of that right they freely determine their political status and freely pursue their economic, social and cultural development.) လို့  ပြဌါန်းထားတဲ့ နိုင်ငံတကာဥပဒေများနဲ့ ကိုက်ညီထပ်တူကျတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရက္ခိုင့်တပ်မတော်က ဦးဆောင်တိုက်ပွဲဝင်နေတဲ့ “ဗမာဖက်ဆစ်ကိုလိုနီစနစ်ဆန့် ကျင်ရေး ရခိုင်အမျိုးသားလွတ်မြောက်ရေး” နိုင်ငံရေးလှုပ်ရှားမှုကြီးက ပေါ်ပေါက်လာရပါတယ်။
ဒီရခိုင့်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီးကို ချေမှုန်းသွားဖို့  ဗမာစစ်တပ်ဟာ သူတို့ ကျင့်သုံးနေကျ ဖြတ်လေးဖြတ်နဲ့ ဖျက်လေးဖျက်ဗျူဟာများကိုသုံးပြီး ရခိုင်ပြည်ကို အနက်ရောင်နယ်မြေသတ်မှတ်ကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ မြောက်ဦးမြို့ အပါအ၀င် ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သာမန်အရပ်သားပြည်သူများသေကြေခဲ့ကြရပါတယ်။ အခုလို ဗမာစစ်တပ်က စစ်ရာဇ၀တ်မှုများကို ဗြောင်ကျကျကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာဖိအားတွေ မြင့်တက်လာနေတာကိုတောင် ဂရုမစိုက်ပဲ အင်္ဂလိပ်ကိုလိုနီ၊ ဂျပန်ဖက်ဆစ်နဲ့ ဂျာမန်နာဇီအစိုးရဆိုးများကပဲ ကျင့်သုံးခဲ့ကြတဲ့ ညမထွက်ရအမိန့် ကို ပြဌါန်းကာ ဗမာကျူးကျော်စစ်ကိုအရှိန်မြှင့်လို့  စစ်ရေးအရပဲ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းသွားဖို့ ကြိုးပမ်းနေတာကို တွေ့ မြင်လာရပါတယ်။
ဒါက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို မျက်ကွယ်ပြုလိုက်ပြီဖြစ်ကြောင်း သက်သေခံနေသလို ဗမာနယ်ချဲ့ အုပ်ချူပ်ရေးအောက်မှာ ရခိုင်လူထုအတွက် ဘ၀မရှိ၊ အနာဂတ်မရှိ၊ ကိုယ်ပိုင်ပြဌါန်းခွင့်မရှိ၊ နိုင်ငံရေးလွတ်လပ်ခွင့်မရှိ၊ တန်းတူညီမျှမှုမရှိ၊ တိုးတက်ဖွံ့ ဖြိုးရေးမရှိကြောင်းကို ဗြောင်ကျကျ ထုတ်ပြောပြသလိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်ပြုအုပ်ချူပ်ခံနေရတဲ့ လူမျိုးဟာ ဘယ်တော့မှတိုးတက်ဖွံ့ ဖြိုးလာခြင်းမရှိသလို ဘယ်တော့မှလည်း နိုင်ငံရေးအခွင့်အရေးများကို ရလာမှာမဟုတ်တဲ့အတွက် ရခိုင်လူထုအတွက် ဗမာကျူးကျော်စစ်ကို တန်ပြန်တော်လှန်ပြီး ဗမာဖက်ဆစ်နယ်ချဲ့ စနစ်ဆိုးကို နိဂုံးချူပ်ပေးခြင်းက ပထမဦးစားပေးလုပ်သွားရမယ့် သမိုင်းပေးတာဝန် ဖြစ်လာပါတယ်။
ကမ္ဘာ့သမိုင်းစာမျက်နှာပေါ်က ကျူးကျော်စစ်တိုင်း ရှုံးနိမ့်သွားခဲ့ရတဲ့ အကြောင်းရင်းတွေကတော့ (၁) ကျူးကျော်စစ်တိုင်းဟာ မတရားတဲ့ နိုင်ထက်စီးနင်း ကြီးနိုင်ငယ်ညှင်း တောရိုင်းဝါဒကို အခြေခံထားတဲ့ စစ် ဖြစ်တယ်၊ (၂) ကျူးကျော်စစ်တိုင်းဟာ ပြည်ပကလာပြီးနယ်ချဲ့ တဲ့ ကိုလိုနီလုပ်ဂုတ်သွေးစုပ်လိုတဲ့ စစ် ဖြစ်တယ်၊ (၃) ကျူးကျော်ခံရတဲ့ နိုင်ငံက ပြည်သူတွေဟာ အမျိုးသားတော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပူးပေါင်းကာ ကျူးကျော်သောင်းကျန်းလာသူများကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တန်ပြန်ခံစစ်ဖွင့် တိုက်ထုတ်ခဲ့ကြတယ်၊ (၄) ပထ၀ီအနေအထားနယ်မြေကျွမ်းကျင်မှုမရှိခြင်းနဲ့ ရိက္ခာအလုံအလောက်မရရှိခြင်းတို့ ကြောင့် ရေရှည်မှာ  ဒေသခံတော်လှန်သူတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်လို့  ကျူးကျော်တပ်တွေဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပျက်သုဉ်းကာ ဖွဲ့ စည်းပုံပျက် တပ်ပြိုပြီး လက်နက်ချ တပ်ဆုတ်ခဲ့ကြရတယ်။ မျက်မှောက်ခေတ်မှာတော့ ကျူးကျော်စစ်ဟာ ကုလသမဂ္ဂပဋိဥာဉ်စာချူပ်နဲ့ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကန့် ကွက်ဖိအားပေးမှုများကို ကြုံလာရပြီး ဘယ်လိုမှတားဆီးပြောမရတဲ့နောက်မှာတော့ လုံခြုံရေးကောင်စီက ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များ ကိုစေလွှတ်တဲ့အထိ နိုင်ငံတကာရဲ့ အရေးယူမှုများကို ခံလာရပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလမှာ ကမ္ဘာ့ကုလသမဂ္ဂက တပ်မတော်အမည်ခံ ဗမာစစ်တပ်ကို စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်တခုလုံးကိုဆန့် ကျင်တဲ့ပြစ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်ခြင်းကိုကျူးလွန်မှုများကြောင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အစည်းများနဲ့ တန်းတူအဆင့်အတန်းသတ်မှတ်ကာ နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာစစ်ရာဇ၀တ်ခုံရုံးကလည်း နိုင်ငံတကာဥပဒေများကိုချိုးဖောက်တဲ့ဆိုးဝါးလွန်းလှတဲ့ရက်စက်ကြမ်းကြုတ်မှုများအတွက် ဗမာစစ်ခေါင်းဆောင်တွေကို အရေးယူသွားဖို့  လုပ်ဆောင်လာနေပါတယ်။ ပြည်တွင်းမှာလည်း ဗမာလူမျိုးရေးအစွန်းရောက်ဝါဒကို ဗမာမဟုတ်တဲ့ လူမျိုးများအားလုံးက လက်နက်စွဲကိုင်တော်လှန်နေကြတာမို့  ပြည်တွင်းပြည်ပဖိအားများစွာအောက်မှာ ဗမာဖက်ဆစ်ကိုလိုနီစနစ်ဆိုးက နေ၀င်ချိန် နီးသထက်နီးလာနေပါပြီ။ ဒီလိုဗမာအခက် ရခိုင်အချက်မှာ ရခိုင်ပြည်ကိုကျူးကျော်တိုက်ခိုက်သောင်းကျန်းနေတဲ့ ဗမာစစ်တပ်ကို လူထုတော်လှန်ရေးဆင်နွဲပြီး တန်ပြန်တိုက်ထုတ်ခြင်းမှတပါး အခြားမရှိတော့ပါကြောင်း တင်ပြလိုက်ရပါတယ်။။။
ညီညီထွေး (နယ်သာလန်)
ဧပြီလ ၁၀ ရက် ၂၀၁၉  ခုနှစ်
Leave a Reply
Your email address will not be published. Required fields are marked *